#မိစ္ဆာဝါဒကွင်းဆက်များ
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့မှ အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချ၊ ဆုံးဖြတ်ပြီးသော မိစ္ဆာဝါဒများကို လေ့လာကြည့်သောအခါ အချို့သော မိစ္ဆာဝါဒများသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်မှုရှိနေသည်ကို တွေ့ရ၏။
ဥပမာ- ရှင်ဥက္ကဋ္ဌ-၏ မိစ္ဆာဝါဒအချို့နှင့် ရေတာရှည် ဦးမာလာဝရ၏ ၀ါဒ၊ ဦးပညာဝံသ၏ ဓမ္မနီတိဝါဒ-တို့မှ အချို့သော မိစ္ဆာဝါဒများ တူညီနေမှု။ တဖန် ယခုနောက်ပေါ် မိုးပြာဂိုဏ်း၏ ပစ္စုပ္ပန်ကမ္မ၀ါဒ-နှင့် ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒစာအုပ်မှ ရေးသားချက်များသည် အထက်ပါ ရှင်ဥက္ကဋ္ဌစသော အဓမ္မ၀ါဒများနှင့် ထပ်တူနီးပါး တူညီနေသည်ကို တွေ့ရ၏။
မိုးပြာဂိုဏ်းသည် လျှို့ဝှက်သောနည်းဖြင့် စည်းရုံးဟောပြောမှု ဖြန့်ချိမှု ပြုသဖြင့် သာမန်လူထု သိပ်မသိ၊ သိသောအချိန်တွင်လည်း မိစ္ဆာဝါဒ-ဟု တပြိုင်နက် သိလိုက်ရ၏။
ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒပါ အယူဝါဒများကို ကား တရားဝင်ဖြန့်ချိထားသော စာအုပ်ဖြစ်သဖြင့် မိစ္ဆာဝါဒများဟု မထင်ကြ။ ဟိုကဒီက ပြောကြသည့်တိုင် အနည်းအကျဉ်း လွဲချော်မှု-ဟု ထင်ကြ၏။ ထိုသို့ထင်သူများအတွက် ထိုစာအုပ်ပါ ၀ါဒများသည် အနည်းအကျဉ်း မှားယွင်းချွတ်ချော်မှုသက်
သက် မဟုတ်ကြောင်း၊ မြန်မာပြည်ရှိ ဗုဒ္ဓ၀ါဒီ ပညာရှိများ နှစ်လုံးစိတ်ဝမ်း မအေးချမ်းနိုင်ဘဲ စိတ်ဆင်းရဲခဲ့ရ၊ အော့နှလုံးနာခဲ့ရသော မိစ္ဆာဝါဒများကို ပြန်လည်ဖော်ထုတ်ထားခြင်း
ဖြစ်ကြောင်း သိသာအောင် နှိုင်းယှဉ်ပြဖို့ လိုမည်ထင်ပါသည်။ လူသိများ ထင်ရှားသော ရှင်ဥက္ကဋ္ဌ၏ ၀ါဒနှင့် နှိုင်းယှဉ်ပြပါမည်။
(၁) လူသေလျှင်လူသာဖြစ်သည်ဟူသော ၀ါဒ
တောင်တွင်းကြီး ရှင်ဥက္ကဋ္ဌ-၏ လူသေလူဖြစ်စာအုပ်မှ-
(က) လူသားဆိုတဲ့ သတ္တ၀ါ သေဆုံးသွားပြီးတဲ့နောက် အကယ်စင်စစ် ဖြစ်ခွင့် ဖြစ်စရာ ဖြစ်ဖို့အလားအလာများ ရှိခဲ့သေးလျှင် လူမှတစ်ပါး အခြားဘာမှ ဖြစ်စရာ မရှိ။ (လူသေလူဖြစ်စာအုပ် - ၄)
(ခ) လက်ရှိကမ္ဘာလောကတွင် အထွတ်အထိပ်ဖြစ်သော အန္တိမအခြေအနေသို့ ရောက်၍နေသော လူသားသည် နောက်သို့ ပြန်ဆုတ်၍ ဖုတ်နှင့်ပြိတ္တာ၊ တစ္ဆေနှင့်မင်စာ၊ ငရဲကောင်နှင့် တိရစ္ဆာန်သတ္တ၀ါများ ဖြစ်ရန်အကြောင်း လုံးဝ မရှိတော့ချေ။ (လူသေလူဖြစ်- ၃၃၁)
ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ- စာအုပ်မှ--
(က) တိရစ္ဆာန်ဘုံသည် မကောင်းမှုပြုသော သူတို့၏ လားရာ အပါယ်ဘုံတစ်ခု ဖြစ်သည်ဟု ဗုဒ္ဓစာပေများ၌ ပြဆိုထားရကား ဗုဒ္ဓသည် ဘုရားမဖြစ်မီက ဘ၀ပေါင်းများစွာ တိရိစ္ဆာန်ဖြစ်ခဲ့သည် ဆိုခြင်းမှာ အကြောင်းယုတ္တိမရှိချေ။ ဤနေရာ၌ အောက်ပါ ဗုဒ္ဓဒေသနာကိုလည်း ကျွန်ုပ်တို့ ဆင်ခြင်သုံးသပ်ရန် လိုအပ်၏။
“ရဟန်းတို့၊ မဟာသမုဒ္ဒရာ၌ မျက်စိကန်းသော လိပ်တစ်ကောင်သည် ရှိ၏။ ထိုလိပ်ကန်းသည် အနှစ်တရာလွန်မှ တစ်ကြိမ်သာလျှင် ရေပေါ်သို့ ပေါ်တက်၏။ ထိုလိပ်ကန်းသည် လေတိုက်သောကြောင့် ထိုမှဤမှ လွင့်မျောနေသော ထမ်းပိုး၌ လည်ပင်းကို လျှင်မြန်စွာ စွပ်မိရာသေး၏။ အပါယ်ဘုံရှိ သတ္တ၀ါတို့သည် လူ၏အဖြစ်ကို ရခြင်းငှါ အလွန်ခဲယဉ်း၏။ အကြောင်းမူ အပါယ်ဘုံတို့၌ တရားကျင့်ခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း တို့သည် မရှိကုန်။ တိရစ္ဆာန်တို့သည် အချင်းချင်း စားကြကုန်၏။ အားနည်းသော သတ္တ၀ါကို အားကြီးသော သတ္တ၀ါက စားလေ့ရှိ၏။” (မဇ္ဈိမနိကာယ်၊ ဗာလပဏ္ဍိတသုတ်)
ဤဒေသနာအရ တိရစ္ဆာန်သည် လူ့ဘ၀သို့ ကူးပြောင်းရန် ထိုမျှခဲယဉ်းပါက ဗုဒ္ဓသည် ဘ၀ပေါင်းများစွာ တိရစ္ဆာန်အဖြစ်ဖြင့် ပါရမီဖြည့်ခဲ့သည်ဆိုသော စကားမှာ အခြေအမြစ် မရှိလှချေ။ (စာ-၁၅၇-၈)
(ခ) စင်စစ် သေပြီးနောက် လူကတိရစ္ဆာန်အဖြစ်သို့သော်လည်းကောင်း၊ တိရစ္ဆာန်က လူအဖြစ်သို့သော် လည်းကောင်း ပြောင်းလဲသည်ဆိုခြင်းမှာ သဘာဝနိယာမနှင့် ဖီလာဖြစ်၏။ (စာ-၁၅၈)
(၂) အဘိဓမ္မာ ဘုရားဟောမဟုတ်
အဘိဓမ္မာကိုလည်း ဘုရားဟောမဟုတ်ကြောင်း ရှင်ဥက္ကဋ္ဌတို့ အဖွဲ့က အောက်ပါအတိုင်း ဆိုကြ၏။
(က) တစ်နည်းကြည့်ပြန်လျှင် ပထမသံဂါယနာတင်တွင် ဓမ္မနှင့်ဝိနယကို အာဂုံရွတ်ဆိုကြသည်။ ဒုတိယ တတိယတို့သည်လည်း အလားတူပင် အာဂုံရွတ်ဆိုကြသည်။ အဘိဓမ္မာ မပါဝင်သေးပေ၊ စတုတ္ထသံဂါယနာ တင်၏ နောက်ပိုင်းကျမှ အဘိဓမ္မာဟူ၍ ပေါ်လာခြင်းဖြစ်သည်။ (ဗုဒ္ဓ၀ါဒအခြေခံသင်တန်း၊ ၇၀)
(ခ) သီဟိုဠ်ခေတ် စောစောပိုင်းကပင် အဘိဓမ္မာပိဋကမှာ ထင်ရှားပြီးဖြစ်သည်။ ဤသို့ဖြင့် ထေရ၀ါဒီတို့၏ အဘိဓမ္မာစာပေစုသည် ပိဋကတစ်ဆူအဖြစ် စုစည်းတည်တန့်နေချိန်မှာ တတိယသံဂါယနာ တင်ချိန် (ဘီစီ-၂၄၄)ထက် နောက်မကျနိုင်ချေ၊ သို့စင်လျက် ရှင်မဟာဗုဒ္ဓဃောသမထေရ်သည် ဗုဒ္ဓဘုရားသခင် တာဝတိံသာနတ်ပြည်၌ ၀ါတွင်သုံးလတိုင် ဟောကြားခဲ့သော အဘိဓမ္မာ ၇-ကျမ်းကို (ဗုဒ္ဓမတညူ) ဘုရားဉာဏ်ဆောင်၍ ရေးသားသည်ဟု ယုံကြည်လက်ခံထားကြခြင်းမှာ ထားသူတို့၏ သက္ကာယအစွဲမျှသာ ဖြစ်ရချေမည်။ (၎င်းစာ- ၇၈)
(ဂ) ယင်းအဘိဓမ္မာ ၇-ကျမ်းကို ဗုဒ္ဓဘုရားသခင် တာဝတိံသာနတ်ပြည်၌ ဟောသည်ဟူသော အချက်မှာ အဋ္ဌကထာဆရာ ရှင်ဗုဒ္ဓဃောသ၏ ထွင်လုံးပုံပြင်မျှသာဖြစ်ကြောင်း ထင်ရှားလှပေသည်။
ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကျမ်းပြု ဦးအေးမောင်ကလည်း အောက်ပါအတိုင်း သံယောင်လိုက်ကာ ထောက်ခံရေးသားခဲ့၏။
(က) အဘိဓမ္မာကျမ်းများသည် ပိဋကတ်သမိုင်း၌ နောက်ဆုံးပေါ်ပေါက်လာသော ကျမ်းများဖြစ်ကြောင်း ယူဆရန်အထောက်အထားများ ရှိ၏။ ပထမနှစ်ကြိမ် သင်္ဂါယနာတင်သော ပါဠိတော်များတွင် အဘိဓမ္မာ ပါဝင်သည်ဟု ၀ိနည်းစူဠ၀ါနှင့် မဟာဝင်၊ ဒီပ၀င်ကျမ်းများ၌ ပြဆိုမထားချေ။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ-နှာ-၁၉)
(ခ) အချို့သောပါဠိတော်တို့၌ အဘိဓမ္မာဟူသော ပုဒ်ကို တွေ့ရ၏။ သို့ရာတွင် သုတ္တန်ပိဋကတ်၌လာသော ထို“အဘိဓမ္မာ”သည် လက်ရှိအဘိဓမ္မာ ခုနစ်ကျမ်းကို မရည်ညွှန်းဘဲ သုတ္တန်ဒေသနာ များမှ နက်နဲသော တရားကို ဆိုလိုဟန်ရှိ၏။ ဗုဒ္ဓဒေသနာများကို သုတ္တ-ဂေယျ-ဂါထာ-ဇာတက စသည်ဖြင့် အင်္ဂုတ္တရနိကာယ်၌ ကိုးမျိုးခွဲခြားထားရာ ဥပမာ- ဇာတကသည် လက်ရှိ ၅၅၀- ဇာတ်နိပါတ်ကို ဆိုလိုခြင်း မဟုတ်ဘဲ နိကာယ်များမှ အချို့ဝတ္ထုများကို ရည်ညွှန်း၏။ ထိုနည်းအတူ သုတ္တန်ပိဋကတ်၌ တွေ့ရသော အဘိဓမ္မာ သည် သုတ္တန်ဒေသနာတော်များကို အမျိုးအစားခွဲခြားရန် သုံးစွဲသော စကားဖြစ်ပေလိမ့်မည်။ (နှာ-၁၉)
(ဥပမာ- ဇာတကသည် လက်ရှိ ၅၅၀- ဇာတ်နိပါတ်ကို ဆိုလိုခြင်း မဟုတ်ဘဲ နိကာယ်များမှ အချို့ဝတ္ထုများကို ရည်ညွှန်း၏။-ဟု“အပဏ္ဏကဇာတကာဒီနိ ပညာသာဓိကာနိ ပဉ္စဇာတကသတာနိ `ဇာတက`န္တိ ဝေဒိတဗ္ဗံ။ -“အပဏ္ဏဇာတ်အစရှိကုန်သော ငါးဆယ်အလွန်ရှိကုန်သော ငါးရာသောဇာတ်တော်တို့ကို ဇာတက-ဟူ၍ သိအပ်၏။”ဟု အဋ္ဌကထာတွင် ဆို၏။
ဤသို့လျှင် ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒစာအုပ်သည် ရှင်ဥက္ကဋ္ဌ၏ ၀ါဒများနှင့် တူညီနေပုံ၊ လူသေလူဖြစ်ဝါဒကို ပြန်လည်ဖော်ထုတ်နေပုံကို မှန်းဆနိုင်လောက်ပါပြီ။ ဆက်လက်နှိုင်းယှဉ်ပြပါဦးမည်--
(၃) သံဂါယနာခြောက်တန်ကို ပေါ့တန်သေးသိမ်စေမှု
မိမိတို့ ထေရ၀ါဒဗုဒ္ဓဘာသာသမိုင်းတွင် သံဂါယနာ- တင်ခြင်းကိစ္စသည် အထူးအရေးပါလှ၏။ သံဂါယနာ များမရှိခဲ့လျှင် ထေရ၀ါဒ-ဟူ၍လည်း ရှိမည်မဟုတ်ပါ။ မှန်၏၊ ထေရ၀ါဒဟူသည် ပထမသံဂါယနာ တင်တော်မူသော အရှင်မဟာကဿပ-စသော မထေရ်ကြီးများ၏ လက်ခံသတ်မှတ်အတည်ပြု ထားသည့်အတိုင်း မဖြုတ်မနှုတ် မဖြည့်မစွက်ဘဲ လိုက်နာကျင့်သုံးသော ၀ါဒဖြစ်၏။
သို့ရာတွင် ရှင်ဥက္ကဋ္ဌ၊ ဦးအေးမောင်-စသော မိစ္ဆာဝါဒီတို့သည် သူတို့၏ ၀ါဒနှင့် ထေရ၀ါဒပိဋကတ်သည် ကျောချင်းကပ် ဖြောင့်ဖြောင့်ဆန့်ကျင်နေရကား ထေရ၀ါဒပိဋကတ်သည် ပထမသံဂါယနာတင်စဉ်ကအတိုင်း မပြုမပြင် စင်စင်ကြယ်ကြယ်ရှိသည်ဟု လက်မခံနိုင်ကြဘဲ ဗုဒ္ဓဓမ္မကို ထိခိုက်စေနိုင်သော မိစ္ဆာဝါဒများ အနှောက်အယှက်များ ပေါ်ပေါက်လာတိုင်း ဗုဒ္ဓဓမ္မကို ကာကွယ်ရန် သံဂါယနာတင်တော်မူကြသော အရိယာမထေရ်ကြီးများကိုမှ အားမနာဘဲ မိုက်ရိုင်းသူများပီပီ သံဂါယနာ-ဟူသည် ဘာမျှအရေးမပါလေဟန် အောက်ပါအတိုင်း လုပ်ကြံရေးသားကြကုန်၏။
(က) တတိယ သံဂါယနာတင်ပွဲ၌ ပိဋကတ်သုံးပုံဟူ၍ ဖြစ်လာသည်မှာ ရှင်မောဂ္ဂလိပုတ္တတိဿမထေရ် သည် သူရေးသားသော ကထာဝတ္ထုကျမ်းကို ထည့်လို၍ အဘိဓမ္မာ ၇-ကျမ်းဟု တင်သွင်း သံဂါယနာတင်ခဲ့ကြဟန် ရှိလေသည်။
ဤတတိယသံဂါယနာ၌ အပြိုင်ဟူ၍ ထင်ရှားတင်ရန်အကြောင်း မပေါ်ပေါက်တော့ချေ၊ အဘယ်ကြောင့် ဆိုသော် အသောကမင်းကြီးက အကွဲကွဲသော သံဃာများ၏ အလိုသို့လိုက်၍ အများကြိုက်ဖြစ်စေရန် စုပေါင်းပြီး တင်လိုက်သောကြောင့် ဖြစ်သည်။ ပိဋကတ်မှာ ဤသံဂါယနာမှစ၍ ဗြဟ္မဏဟောနှင့် ဗုဒ္ဓဟောတို့ အတိအလင်း တရားဝင် ရောထွေးလာတော့၏။ ထေရ၀ါဒီဂိုဏ်းတို့က မကျေနပ်သော်လည်း မင်း၏အာဏာကို မဆန့်ကျင်လိုသဖြင့် လိုက်လျောခဲ့ရ၏။ ဤအမှား၏ ဒဏ်ကို အစဉ်အဆက် သာသနာသမိုင်းတစ်လျောက် အမွေခံခဲ့ရ၏။ (နိကာယ်၏ နိကာယ်သမိုင်းကျောက်တိုင်မှ)
ဦးအေးမောင်၏ ရေးသားချက်များကိုလည်း ရှုပါဦး။
(က) သုတ္တန်နှင့် ၀ိနည်းပိဋကတ်များသည် မြန်မာနိုင်ငံသို့ မရောက်မီက လေးကြိမ်တိတိ သင်္ဂါယနာတင်ပြီး ဖြစ်သည်မှန်၏။ သို့ဖြစ်စေကာမူ ထေရ၀ါဒသမိုင်း၌ ထင်ရှားသော သင်္ဂါယနာလေးခုသည် ပါဠိပိဋကတ်ကို လေ့လာစိစစ်သော သုတေသီပညာရှင်တို့၏ အမြင်အားဖြင့် များစွာအရေးပါလှသည် မဟုတ်ချေ။
(ခ) အခြားစဉ်းစားရန် ရှိသည်ကား သင်္ဂါယနာတင်သော ပုဂ္ဂိုလ်တို့သည် ရဟန်းသံဃာ တစ်စုတစ်ဖွဲ့မျှသာဖြစ်၍ သူတို့အတည်ပြုသော ဗုဒ္ဓဒေသနာများကို အခြားရဟန်းသံဃာတို့က မည်မျှလက်ခံ အသိအမှတ်ပြုပါသနည်းဟူသော အချက်ဖြစ်၏။
(ဂ) ထို့အပြင် သင်္ဂါယနာတင်သော ရဟန်းသံဃာသည် ဒေသနာများကို စုပေါင်းရွတ်ဆိုရုံမှတစ်ပါး စေ့ငုသေချာစွာ လေ့လာဆန်းစစ်မှု၊ ဝေဖန်သုံးသပ်မှုပြုသော လက္ခဏာမရှိချေ။ သို့ဖြစ်၍ အနောက်နိုင်ငံ ပါဠိသုတေသီပညာရှင်တို့က ယခုလက်ရှိ ပါဠိပိဋကတ်၏ တစ်စိတ်တစ်ဒေသမျှသာ ပထမသင်္ဂါယနာ၌ အတည်ပြုသော ပါဠိတော်များ ဖြစ်တန်ရာသည်။ ထိုတစ်စိတ်တစ်ဒေသသည်ပင် ထိုသင်္ဂါယနာတင် ပါဠိတော်များနှင့် ထပ်တူဖြစ်သည်ဟုဆိုရန် ခိုင်မာလုံလောက်သော အထောက်အထားမရှိဟု ယူဆကြ၏။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ- ၂၂-၂၃)
(၄) ဗုဒ္ဓမြတ်စွာ၏ သဗ္ဗညုတဉာဏ်တော်ကို မယုံကြည်မှု
ရှင်ဥက္ကဋ္ဌနှင့် အပေါင်းအပါတစ်စုသည် မြတ်ဗုဒ္ဓသည် သိစရာမှန်သမျှ တစ်စမကျန် သယမ္ဘူဉာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသည်ဟု လက်မခံနိုင်ကြ။ သာမန်ဉာဏ်ကြီးရှင်တစ်ယောက်အဖြစ်သာ လက်ခံလိုကြ၏။ သာဝကတို့နှင့် ခေါင်းဆောင်နှင့်နောက်လိုက်အနေအထားမျိုးသာ ဖြစ်၏။ ထို့ထက်မပို-ဟု ဆိုကြ၏။ သူတို့၏ ရေးသားချက်အချို့ကို ကြည့်ပါဦး။
(က) အဋ္ဌကထာဆရာ တို့သည် ဗုဒ္ဓ၏ ဂုဏ်အကြောင်းအရာများကို ချီးမြှောက်ရေးသားရာ၌ ထိုသဗ္ဗညုတဉာဏ် ရရှိသည်ဆိုသော တိတ္ထိဆရာကြီးတို့ကို အညံ့မခံလိုသည်ကတစ်ကြောင်း၊ ဗုဒ္ဓကို အခြားအရိယာပုဂ္ဂိုလ်တို့နှင့် ခွဲခြားထားလိုသောကြောင့် ဗုဒ္ဓသည် ဘာမဆို အကြားအမြင် အသိရှိသော သဗ္ဗညုတဉာဏ် ရရှိသည်ဟု ပြဆိုကြဟန်တူ၏။
(ခ) ၀ိဇ္ဇာသုံးပါးသည် ရဟန္တာတိုင်း ရရှိသော အသိဉာဏ် ဖြစ်၏။ ဤသို့ ဆိုပါမူ ဗုဒ္ဓနှင့် ရဟန္တာပုဂ္ဂိုလ် တို့သည် မည်သို့ ခြားနားပါသနည်း။ (အမှန်တရား သုတေသန အမှတ် (၁) စာစောင်)
ဦးအေးမောင်ကလည်း အလားတူ ယူဆ၏။ သူ၏ ရေးသားချက်များကိုလည်း ရှုပါဦး။
(က) အဋ္ဌကထာ၌ အထူးပြဆိုထားသော ဗုဒ္ဓဂုဏ်တော်မှာ သဗ္ဗညုတဉာဏ်ဖြစ်၏။ သံယုတ္တနိကာယ်၌ ကောသလမင်းက မေးလျှောက်၍ ဗုဒ္ဓက မိမိ၌ သဗ္ဗညုတဉာဏ်ရှိသည်ဟု မိန့်ကြား၏။ သို့ရာတွင် ထိုသဗ္ဗညုတဉာဏ်သည် မည်သို့သော ဉာဏ်မျိုးဖြစ်ကြောင်း ရှင်းပြတော်မမူချေ။ အဋ္ဌကထာဆရာတို့ကမူ အမြဲထာဝရ ဘာမဆို ကြားမြင်သိရှိသော ဉာဏ်မျိုးဖြစ်သည် ဆို၏။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ-၃၃၁)
(ခ) ဤဗုဒ္ဓဒေသနာအရ သဗ္ဗညုတဉာဏ်မှာ သိသင့်သိအပ်သော တရားအားလုံးကို ထိုးထွင်းသိမြင်မှု၊ (၀ါ) ၀ိဇ္ဇာသုံးပါးကို ထိုးထွင်းသိသော ဉာဏ်အမြင်ဖြစ်ကြောင်း ထင်ရှား၏။ ၀ိဇ္ဇာသုံးပါးသည် ရဟန္တာပုဂ္ဂိုလ်တိုင်း ရရှိသော ဉာဏ်ဖြစ်၏။ အဋ္ဌကထာဆရာတို့သည် ဗုဒ္ဓကို ရဟန္တာပုဂ္ဂိုလ်တို့နှင့် ခွဲခြားလိုသောကြောင့် ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ကို ထာဝရ အကြားအမြင်အဖြစ်ဖြင့် ဖွင့်ဆိုရေးသားခဲ့ကြခြင်း ဖြစ်ပေမည်။ (စာ- ၃၃၂)
(ဂ) ဤသို့ဖြင့် ဗုဒ္ဓနှင့် ရဟန္တာတို့တွင် ဆရာနှင့်တပည့်၊ (၀ါ) ခေါင်းဆောင်နှင့် နောက်လိုက်တို့၏ နေရာကဏ္ဍ ခြားနားမှုမျိုးမှတစ်ပါး အခြားခြားနားမှုများ ရှိကြောင်း ယူဆရန် ဒေသနာအထောက်အထား မရှိချေ။ (စာ-၃၃၃)
(၅) စေတီရုပ်ပွား ကိုးကွယ်မှု
ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုစရာ အမှတ်လက္ခဏာ မကျန်တော့လောက်အောင် ပရမ်းပတာ ပြောဆိုချက်များကို ရှုပါဦး။
(က) ၀တ်ထည်ဖျင်ခင်းကို သင်္ကန်းဟူ၍ မခွဲခြားတော့ဘဲ အ၀တ်ဟူ၍ တသားတည်း မြင်ကြလေပြီ၊ သူတော်ကောင်းတို့ရဲ့ ဆံပင်တည်းဟူသော အမွေးသည် မြင်းမြီးထက်ပို၍ အနာရောဂါကို ပျောက်စေနိုင်သည်ဟူသော ဥပါဒါန်ကိုလည်း ယခုခေတ်၌ တော်လှန်ကြလေပြီ၊ ယခုအခါ၌ မြင့်မြတ်သော ဓာတ်တော် မွေတော်-စသည်တို့ကို ဘာသာရေးအမှိုက်သရိုက်များ ဖြစ်သည်ဟု ကျွန်ုပ်တို့ သေချာထင်ထင် သိမြင်ကြကုန်ပြီ။ (လူသေလူဖြစ်-၈၁)
(ခ) ဆီမီးအခိုးတိုင် ထွန်းညှိခြင်း၊ ပူဇော်ခြင်း၊ ဒူးထောက်ရိုကျိုး ရှိခိုးခြင်း၊ ကြေးစည်ခေါင်းလောင်း ထိုးခြင်း၊ ဓမ္မသီချင်း ကျူးရင့်ခြင်း၊ ဂုဏ်တော် ရွတ်ဖတ်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ ဆုတောင်း ပတ္ထနာပြုခြင်းဖြင့် ချဉ်းကပ်ရသော နတ်တို့ ဘုရားတို့ကို ကျွန်ုပ်တို့ ယုံကြည်ရန် မဖြစ်နိုင်တော့ချေ။ (လူသေလူဖြစ်-၁၂၇)
(က) မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓဓာတ်တော်များကို စေတီတည်ထိုက်ကြောင်း ၊ ဗုဒ္ဓဖွားရာ၊ ဘုရားဖြစ်ရာနှင့် ပရိနိဗ္ဗာန်ပြုရာဌာနများသို့ ဘုရားဖူးသွားသော သူတို့သည် နတ်ပြည်သို့ ရောက်မည်ဖြစ်ကြောင်း ဖော်ပြထား၏။ ဤစကားမှာ မိမိအား ပုဂ္ဂိုလ်စွဲကြည်ညိုမှုကို ဆန့်ကျင်သော ဗုဒ္ဓ၏စကား သို့မဟုတ် သင်္ဂါယနာတင် ရဟန်းသံဃာ၏ စကားမဖြစ်နိုင်ချေ။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်းနှစ်ရာကျော်လောက်မှ သုတ္တန်ပိဋကတ်ကို ပြင်ဆင်တည်းဖြတ်သော ဆရာတို့၏ စကားဖြစ်ရပေမည်။ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ- ၃၃၄)
(ခ) ယနေ့ မြန်မာဗုဒ္ဓ၀ါဒီ လူထု၏ ဘာသာရေးနယ်ပယ်၌ အကျူံးဝင်သော သရဏဂုံသုံးပါး၊ ဂါထာပရိတ် ရွတ်ဖတ်မှု၊ နှစ်ကျိပ်ရှစ်ဆူ ပူဇော်မှု၊ ဘုရားစေတီ မွမ်းမံပြင်ဆင်မှု စသည်တို့သည် မူလဗုဒ္ဓ၀ါဒနှင့် အံမ၀င်ဘဲ မဟာယာန၀ါဒနှင့် ပိုမိုနီးစပ်ကြောင်း သတိပြုသင့်ပေသည်။ (စာ- ၃၆၇)
ဤမျှဆိုလျှင်ပင် ဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ-စာအုပ်ကြီးသည် အဓမ္မ၀ါဒများကို ပြန်လည်ဖော်ထုတ်ထားသော စာအုပ်ကြီးဖြစ်ကြောင်း ပေါ်လွင်လောက်ပြီဟု ယူဆပါသည်။
(သူတို့၏ ရေးသားချက်များ မဟုတ်မမှန်ကြောင်း၊ ဘက်လိုက်သော အမြင်များ၊ အလျင်စလို ကောက်ချက်ချမှုများသာဖြစ်ကြောင်း သိလိုပါက “လူသေလူဖြစ် ၀ါဒါနုဝါဒ၀ိနိစ္ဆယ- (ထေရ၀ါဒစွယ်စုံကျမ်း)” စာအုပ်ကြီးကို ဖတ်ရှုပါဟု ညွှန်းလိုပါသည်။)
“ရဟန်းတို့၊ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ “ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းရမည်။” (ဒီ။ မြန်၊ ၁။၁၁။)
Credit:
အရှင်ကောဝိဒ (ယော)
မိရိုးဖလာဗုဒ္ဓဘာသာ
ပညာသည်သာလောက၌ . အကြီးမြတ်ဆုံးသော အရာ....
Monday, October 23, 2017
Friday, October 13, 2017
===ဘာမှန်းမသိသောဟာကြီးနှင့်တွေ့ ဆုံခြင်း======
===ဘာမှန်းမသိသောဟာကြီးနှင့်တွေ့ . ဆုံခြင်း======
ကျွန်ုပ်သူ့ကို စတွေ့လိုက်တဲ့အချိန်မှာ အရာရာဟာ အနောက်ကိုဆုပ်သွားတယ်လို့ခံစားရတယ်။အေးစက်မှု့နှင့်တိတ်စိတ်မှု့ဟာ ကျွန်ုပ်၏ခန္ဓာကိုယ်တခုလုံ့းကိုလွှမ်မိုးထားတယ် စိတ်ကလည်းသိရုံတင်သိနေပြီး ထုံတုံတုံကြီးဖြစ်နေတယ်လို့ထင်တယ် ။
သူ့ကိုစကားပြောကြည့်ဖို့ကြိုးစားတယ် အဆင်မပြေဘူး သူ့ကိုတောင်းပန်ဖို့ကြိုးစားတယ် ပုံဖော်ကြည့်တယ် လက်သင့်မခံဘူး။သူဟာ အရောင်မဲ့နေတယ် သဏ္ဍာန်တွေမရှိဘူး သူဟာအနားကပ်လာတဲ့ ဘယ်သူမဆို စွဲစုပ်ပြစ်လိုက်တယ်လို့ခံစားရတယ်။ဒကယ်လည်း ကျွန်ုပ်ရဲ့စိတ်တွေကို ဖြစ်ပေါ်ခွင့်မပေးဘူး ပေါ်လာတဲ့စိတ်ဝိညဉ်တွေကို စွဲဆုပ်ယူပြစ်တယ်။နက်ရှိုင်းလှတဲ့တွင်းနက်ကြီးက အရာအားလုံးကို စွဲဆုပ်နေသလိုပဲ သူထဲကိုရောက်သွားရင် သို့မဟုတ် သူအနားနားကပ်လာရင်ဘားမှလုပ်လို့မရတော့ဘူး တခါတခါသိပ်ကြောက်စရာကောင်းတယ် အန္တာရာယ်တွေနဲ့မတွေ့ခင်ပေါ့။
ဘာမှန်းမသိတဲ့ဟာကြီးကိုစစတွေ့ချင်း အေးစက်ပြီး ထူးခြားတဲ့အတွေ့ကိုခံစားရတော့ တမျိုးတမည်ကောင်းနေတယ်။ ရုပ်တရက်ဆိုသလို စကားပြောသံတွေက နားနားမှကပ်ပြောသလို ကြားလာရတယ် ဘာတွေမြင်မှန်းလည်းမသိဘူး ထူးထူးဆန်းဆန်းတွေမြင်လာရတယ် လူ့လောက ကမဟုတ်တဲ့အသံတွေကိုကြားလာရတယ်။
်တနေ့တော့အဲ့အရာကြီးထဲစီးမြောနေခိုက် ရုပ်တရုတ် ဆိုသလိုပဲ ကျွန်ုပ်၏နားနားကို စကားတခွန်းကပ်ပြောလိုက်တယ်
်''ဘာတွေလုပ်နေတာလဲ''တဲ့ကျွန်ုတော်အလွန်တရာကြောက်လှန့်သွားခဲ့တယ် ခေါင်းဟာလဲ ပုတ်လောက်ကြီးသွားတယ်လို့ခံစားရတယ် ဘယ်လိုမှရပ်မတည်နိုင်အောင်ပဲ။ဒါတွေထပ်မလုပ်တော့ဘူးလို့ကြောက်ရွှံ့နဲ့စိတ်နဲ့ဆုံးဖြတ်လိုက်တယ်။
နောက်ပိုင်း ကျွန်တော်ဟာ ကြောက်ပေမဲ့လည်း အကြိမ်ကြိမ်သွားကြည့်ဖို့ထပ်ကြိုးစားတယ် ဒါပေမဲ့ရောက်ခါနီးတိုင်း ကျွန်ုပ်စိတ်ကတားမြစ်နေတယ် သူခွင့်ပြုဘူး စိုးရိမ်လွန်ကဲနေတယ်။ဒါပေမဲ့စိတ်ကိုတည်ညိမ်အောင်ပြန်ကြိုးစားပြီး တမျိုးတဖုံဆက်လုပ်ဖြစ်တယ်။အဆင်မပြေပါဘူး အရင်တိုင်ပဲလို့ကျွန်ုတော်ခံစားရတယ်။
တနေ့တော့ဆရာကြီးနဲ့သွားတွေ့ကာ အခြေအနေတွေကို အကုန်ပြောပြလိုက်တယ်။ထိုအခါဆရာကြီးက ငါ့တပည့်မင်းတွေ့ခဲ့တာတခြားဟာမဟုတ်ဘူးကွ။နောက်ဆုံးဝိညဉ်ကိုတွေ့သွားတာပဲံ သူဟာအလွန်အေးစပ်နေမယ် ပုံဆောင်မနေဘူး သဏ္ဍာန်မဲ့နေတယ် သူ့မှာအရောင်မရှိဘူး ထိကိုင်လို့မရဘူး အရာအားလုံးရဲ့တခုတည်းသော သဘောဖြစ်နေတယ် သူ့သဘောကိုနိုင်နင်းရင် မင်းဟာ နာနာရုပ်တွေကိုနိုင်နင်းလာမယ်တပည့်...
ကျွန်ုပ်သည် ဆရာကြီးအား ရိုသေစွာဖြင့်
ဆရာကြီး ''အဲ့ဘာမှန်းမသိတဲ့ဟာကြီးကိုဘယ်လိုကိုင်တွယ်ရမလဲ''ဟုမေးလိုက်လေသည်။
ဒါမခက်ပါဘူးကွ ''အဲ့ဘာမှန်းမသိတဲ့ဟာကြီးကိုနိုင်တာက အလင်းရောင်ကွ အလင်းရောင်''
မင်းအလင်းရောင်သေးသေးလေးပဲဖြစ်ဖြစ် ဖန်တီးရမယ် ဒါမှမဟုတ် ထူးခြားတဲ့ဉဏ်အလင်းဓာတ်တခုကိုယူဆောင်သွားရမယ် အဲ့ဒါဆို အဲ့ဘာမှန်းမသိတဲ့ဟာကြီးကို မင်းလိုသလိုအသုံးပြုနိုင်မယ်။ဒါမှလည်း မင်းလွတ်လွတ်လပ်လပ် နောက်ထပ်တခါးချပ်တွေကိုလိုက်ဖွင့်နိုင်မယ်။
သတိထားရမှာကတော့ အဲ့ဘာမှန်းမသိတဲ့ဟာကြီးဟာ အလွန်ကို ပဟေဋ္ဌိဆန်တယ် အရာကိုလည်းဖန်ဆင်းနိုင်တာပဲ ဒါကြောင့် မင်းကို ကြောက်ရွှံ့ခြင်းတွေ ချစ်ခြင်းမုန်းခြင်းတွေ အပြင် ထူးခြားသော အမြင်တွေ အသံတွေနဲ့ စာမေးပွဲစစ်လိမ့်မယ်။
''ကဲ့ တပည့် ဒီသဘောကိုသိရင် မင်းဘာလုပ်မလဲ တပည့်...''
ကျွန်ုပ်သည်လည်း ခဏစဉ်းစားလိုက်ပြီး သဘောပေါက်ပြီ ဆရာကြီး ''ကျွန်တော် အဲ့ဘာမှန်းမသိတဲ့ဟာကြီးကို စာမေးပွဲပြန်စစ်မယ် ဒါဆိုရင်နိုင်ပြီ''ဟု ဆိုလိုက်ခါ ဆရာကြီးသည် ခေါင်းတစပ်စပ် ညိမ့်ကာ ပီတိဖြစ်ဖွယ်အပြုံးတို့ဖြစ်ကြည့်နေခဲ့လေသည်။
ထိုအချိန်မှစ၍ ကျွန်ုပ်သည် လွန်စွာခြောက်ခြားဖွယ်ကောင်းသော ပဟေဋ္ဌိဆန်လှသော ဘာမှန်းမသိသော အရာကြီးကို အောင်မြင်စွာကျော်လွှားလိုက်လေတော့သတည်း။
#အသျှင်ဝဏ္ဏိတ မိရိုးဖလာဗုဒ္ဓဘာသာ
ကျွန်ုပ်သူ့ကို စတွေ့လိုက်တဲ့အချိန်မှာ အရာရာဟာ အနောက်ကိုဆုပ်သွားတယ်လို့ခံစားရတယ်။အေးစက်မှု့နှင့်တိတ်စိတ်မှု့ဟာ ကျွန်ုပ်၏ခန္ဓာကိုယ်တခုလုံ့းကိုလွှမ်မိုးထားတယ် စိတ်ကလည်းသိရုံတင်သိနေပြီး ထုံတုံတုံကြီးဖြစ်နေတယ်လို့ထင်တယ် ။
သူ့ကိုစကားပြောကြည့်ဖို့ကြိုးစားတယ် အဆင်မပြေဘူး သူ့ကိုတောင်းပန်ဖို့ကြိုးစားတယ် ပုံဖော်ကြည့်တယ် လက်သင့်မခံဘူး။သူဟာ အရောင်မဲ့နေတယ် သဏ္ဍာန်တွေမရှိဘူး သူဟာအနားကပ်လာတဲ့ ဘယ်သူမဆို စွဲစုပ်ပြစ်လိုက်တယ်လို့ခံစားရတယ်။ဒကယ်လည်း ကျွန်ုပ်ရဲ့စိတ်တွေကို ဖြစ်ပေါ်ခွင့်မပေးဘူး ပေါ်လာတဲ့စိတ်ဝိညဉ်တွေကို စွဲဆုပ်ယူပြစ်တယ်။နက်ရှိုင်းလှတဲ့တွင်းနက်ကြီးက အရာအားလုံးကို စွဲဆုပ်နေသလိုပဲ သူထဲကိုရောက်သွားရင် သို့မဟုတ် သူအနားနားကပ်လာရင်ဘားမှလုပ်လို့မရတော့ဘူး တခါတခါသိပ်ကြောက်စရာကောင်းတယ် အန္တာရာယ်တွေနဲ့မတွေ့ခင်ပေါ့။
ဘာမှန်းမသိတဲ့ဟာကြီးကိုစစတွေ့ချင်း အေးစက်ပြီး ထူးခြားတဲ့အတွေ့ကိုခံစားရတော့ တမျိုးတမည်ကောင်းနေတယ်။ ရုပ်တရက်ဆိုသလို စကားပြောသံတွေက နားနားမှကပ်ပြောသလို ကြားလာရတယ် ဘာတွေမြင်မှန်းလည်းမသိဘူး ထူးထူးဆန်းဆန်းတွေမြင်လာရတယ် လူ့လောက ကမဟုတ်တဲ့အသံတွေကိုကြားလာရတယ်။
်တနေ့တော့အဲ့အရာကြီးထဲစီးမြောနေခိုက် ရုပ်တရုတ် ဆိုသလိုပဲ ကျွန်ုပ်၏နားနားကို စကားတခွန်းကပ်ပြောလိုက်တယ်
်''ဘာတွေလုပ်နေတာလဲ''တဲ့ကျွန်ုတော်အလွန်တရာကြောက်လှန့်သွားခဲ့တယ် ခေါင်းဟာလဲ ပုတ်လောက်ကြီးသွားတယ်လို့ခံစားရတယ် ဘယ်လိုမှရပ်မတည်နိုင်အောင်ပဲ။ဒါတွေထပ်မလုပ်တော့ဘူးလို့ကြောက်ရွှံ့နဲ့စိတ်နဲ့ဆုံးဖြတ်လိုက်တယ်။
နောက်ပိုင်း ကျွန်တော်ဟာ ကြောက်ပေမဲ့လည်း အကြိမ်ကြိမ်သွားကြည့်ဖို့ထပ်ကြိုးစားတယ် ဒါပေမဲ့ရောက်ခါနီးတိုင်း ကျွန်ုပ်စိတ်ကတားမြစ်နေတယ် သူခွင့်ပြုဘူး စိုးရိမ်လွန်ကဲနေတယ်။ဒါပေမဲ့စိတ်ကိုတည်ညိမ်အောင်ပြန်ကြိုးစားပြီး တမျိုးတဖုံဆက်လုပ်ဖြစ်တယ်။အဆင်မပြေပါဘူး အရင်တိုင်ပဲလို့ကျွန်ုတော်ခံစားရတယ်။
တနေ့တော့ဆရာကြီးနဲ့သွားတွေ့ကာ အခြေအနေတွေကို အကုန်ပြောပြလိုက်တယ်။ထိုအခါဆရာကြီးက ငါ့တပည့်မင်းတွေ့ခဲ့တာတခြားဟာမဟုတ်ဘူးကွ။နောက်ဆုံးဝိညဉ်ကိုတွေ့သွားတာပဲံ သူဟာအလွန်အေးစပ်နေမယ် ပုံဆောင်မနေဘူး သဏ္ဍာန်မဲ့နေတယ် သူ့မှာအရောင်မရှိဘူး ထိကိုင်လို့မရဘူး အရာအားလုံးရဲ့တခုတည်းသော သဘောဖြစ်နေတယ် သူ့သဘောကိုနိုင်နင်းရင် မင်းဟာ နာနာရုပ်တွေကိုနိုင်နင်းလာမယ်တပည့်...
ကျွန်ုပ်သည် ဆရာကြီးအား ရိုသေစွာဖြင့်
ဆရာကြီး ''အဲ့ဘာမှန်းမသိတဲ့ဟာကြီးကိုဘယ်လိုကိုင်တွယ်ရမလဲ''ဟုမေးလိုက်လေသည်။
ဒါမခက်ပါဘူးကွ ''အဲ့ဘာမှန်းမသိတဲ့ဟာကြီးကိုနိုင်တာက အလင်းရောင်ကွ အလင်းရောင်''
မင်းအလင်းရောင်သေးသေးလေးပဲဖြစ်ဖြစ် ဖန်တီးရမယ် ဒါမှမဟုတ် ထူးခြားတဲ့ဉဏ်အလင်းဓာတ်တခုကိုယူဆောင်သွားရမယ် အဲ့ဒါဆို အဲ့ဘာမှန်းမသိတဲ့ဟာကြီးကို မင်းလိုသလိုအသုံးပြုနိုင်မယ်။ဒါမှလည်း မင်းလွတ်လွတ်လပ်လပ် နောက်ထပ်တခါးချပ်တွေကိုလိုက်ဖွင့်နိုင်မယ်။
သတိထားရမှာကတော့ အဲ့ဘာမှန်းမသိတဲ့ဟာကြီးဟာ အလွန်ကို ပဟေဋ္ဌိဆန်တယ် အရာကိုလည်းဖန်ဆင်းနိုင်တာပဲ ဒါကြောင့် မင်းကို ကြောက်ရွှံ့ခြင်းတွေ ချစ်ခြင်းမုန်းခြင်းတွေ အပြင် ထူးခြားသော အမြင်တွေ အသံတွေနဲ့ စာမေးပွဲစစ်လိမ့်မယ်။
''ကဲ့ တပည့် ဒီသဘောကိုသိရင် မင်းဘာလုပ်မလဲ တပည့်...''
ကျွန်ုပ်သည်လည်း ခဏစဉ်းစားလိုက်ပြီး သဘောပေါက်ပြီ ဆရာကြီး ''ကျွန်တော် အဲ့ဘာမှန်းမသိတဲ့ဟာကြီးကို စာမေးပွဲပြန်စစ်မယ် ဒါဆိုရင်နိုင်ပြီ''ဟု ဆိုလိုက်ခါ ဆရာကြီးသည် ခေါင်းတစပ်စပ် ညိမ့်ကာ ပီတိဖြစ်ဖွယ်အပြုံးတို့ဖြစ်ကြည့်နေခဲ့လေသည်။
ထိုအချိန်မှစ၍ ကျွန်ုပ်သည် လွန်စွာခြောက်ခြားဖွယ်ကောင်းသော ပဟေဋ္ဌိဆန်လှသော ဘာမှန်းမသိသော အရာကြီးကို အောင်မြင်စွာကျော်လွှားလိုက်လေတော့သတည်း။
#အသျှင်ဝဏ္ဏိတ မိရိုးဖလာဗုဒ္ဓဘာသာ
=====နီညိုရောင်အဆင်းရှိသော မျောက်ခလေးများ====
လွန်စွာနက်ရှိုင်းလှသော တောကြီးတနေရာ၌ နီညိုရောင်အဆင်းရှိ၍ ကြည်လင်တောက်ပသော မျက်ဝန်းကြီးများရှိသော ကြက်သွေးရောင် မျောက်ခလေး သုံးကောင်သည် အံ့သြော်ဖွယ်ကောင်းသော သိုင်းပညာရပ်များကို အပြင်းအထန်လေ့ကျင့်လျှက်ရှိလေသည်။ထိုမျောက်ခလေး သုံးကောင်သည် အာဟာရသိဒ္ဓိနှင့် ပြည့်ဆုံသော အနက်ရောင်ငှက်ပျောသီးများကိုသာ စားသောက်ကာ နေ့မအားညမအား သိုင်းပညာကိုလေ့ကျင့် စည်းပူးလျှက်ရှိပေသည်။သူတို့၏ ရန်သူဖြစ်သော သေမင်းအား ပြန်တိုက်ခိုက်နိုင်ရန် အမျိုးမျိုးကြံစည်၍ သိုင်းပညာဖြင့် သေမင်း၏နိုင်ငံမှလွတ်မြောက်ရန်ကြိုးစားနေခြင်းကို ကောင်းကင်ဘုံ၌ရှိသော ရွှေရောင်မျောက်ကြီးတကောင်သည် သတိထားမိသွားလေသည်။
တနေ့တ၌ ထိုရွှေရောင်အဆင်းရှိသောမျောက်ကြီးသည် ၎င်းတို့နေထိုင်ရာတောအုပ်ကြီးသို့ရောက်ရှိလာကာ အို..မျောက်ခလေးတို့ သင်တို့၏သိုင်းပညာသည် အလွန် အဆင့်နိမ့်လှပေသည် သင်တို့သည် သေမင်းကိုယှဉ်ပြိုင်နိုင်မည်မဟုတ် ငါသည်သင်တို့အား သေမင်းကိုအနိုင်ယူနိုင်သော သိုင်းပညာကိုသင်ပေးမည်''ဟုပြောဆိုလေသည် သို့ပေသော်ငြားလည်း ထိုသိုင်းပညာရပ်များသည် သင်တို့၏စိတ်ဆန္ဒပေါ်လည်းလွန်စွာမှီတည်ပေရာ ငါသင်ပေးသော် သိုင်းပညာရပ်များကို သင်တို့ကိုတိုင်ရွှေးချယ်ကြပေလော''ဟုပြောဆို၍ ...
လွန်စွာအံ့သြော်ဖွယ်ကောင်းသော သိုင်းပညာ သုံးရပ်ကိုပို့ချပေးလေတော့သည်။
ထိုသိုင်းပညာရပ်များအနက်
ပထမဆုံးသောမျောက်ခလေးသည် သေမင်းကိုပြန်လှန်အံ့တုနိုင်စွမ်းရှိသော လွန်စွာအစွမ်းတခိုးတို့နှင့်ပြည်နှက်နေသော ထူးခြားသော သိုင်းပညာရပ်ကိုသင်ယူလေသည်။
ဒုတိယမျောက်ခလေးမှာ မည်သို့ပင်ဆင်းရဲအောင် သေမင်းသည်ပြုလုပ်စေကာမူ ပြန်၍ဆင်ရဲကင်းအောင် ချမ်းသာအောင်ပြုလုပ်နိုင်သော သိုင်းပညာရပ်ကိုသင်ယူလေသည်။
တတိယမျောက်ခလေးမှာ သေမင်းမမြင်နိုင်သော သိုင်းပညာကိုသင်ယူလေသည်။
ထိုမျောက်ခလေးများသည် ရွှေရောင်တောက်ပနေသော မျောက်ကြီးထံမှ ထူးဆန်းသော သိုင်းပညာအသီးသီးတို့ကိုတက်မြောက်သွားကြ၍ သေခြင်းတရားဖြစ်သော ရှင်သေမင်းကို စိန်ခေါ်ရန် မျောက်ကြီးထံ၌ခွင့်ပန်၍ အသီးသီးထွက်ခွာသွားလေတော့သည်။
သို့ပေသော်ငြားလည်း ထိုကြက်သွေးရောင်ရှိသော မျောက်ခလေးများသည် သူ့ပညာသည်သာကောင်းတယ် ငါ့သိုင်းပညာသည်သာအတုမရှိပြိုင်ဘက်ကင်းတယ်ဟု အမျိုးမျိုးယူဆနေကြသည်။နောက်ဆုံး သူတို့သည် အချင်းချင်းမညီမညွတ်ဖြစ်၍ မည်သူ့ရဲ့သိုင်းပညာသည် အကောင်းဆုံးဖြစ်မည်နည်းဟု ငြင်းခုံ၍ သေမင်းကို အံ့တုရန်မကြိုးစားတော့ပဲ သိုင်းပညာပြိုင်ပွဲကြီးကျင်းပ၍ သိုင်းပညာပြိုင်ဆိုင်လေတော့သည်။ထိုနီညိုရောင်အဆင်းရှိသော မျောက်ခလေးများ၏ သိုင်းပြိုင်ပွဲသည် အံ့သြော်စရာကောင်း၍ လွန်စွာကြောက်မက်ဖွယ်ရာ လက်နက်ဆန်းများနှင့်ပြေ့နှက်နေရာ သိုင်းလောကကြီးတခုလုံးကိုပင်တုန်လှုပ်ခြောက်ခြားပြန့်နှံ့သွားလေသည်။နောက်ဆုံးနီညိုရောင်မျောက်ခလေးများသည် သူတို့၏သိုင်းကွက်များနှင့်ပင် သူတို့ အချင်းချင်းသတ်ဖျက်လိုက်လေတော့သည်။
များမကြာမှီ မျောက်ခလေးများ၏ သိုင်းပညာပြိုင်ပွဲကြီစီသို့ ရွှေရောင်အဆင်းရှိသော မျောက်ကြီးရောက်ရှိလာလေသည်။ထို့နောက်သူသည် သေဆုံးနေသော မျောက်ခလေးများ၏ ခန္ဓာကိုယ်၌ ရှိသော သိုင်းပညာရပ်များကို ထုပ်ယူ၍... လွန်စွာထိတ်လန့်ဖွယ်ကောင်းသော ခန့်မှန်းရန်ခက်လှသော အပြုံးတပွင့်ကို အနဲငယ်ပြုံးလိုက်ကာ ထူးဆန်းအံ့သြော်ဖွယ်ကောင်းသော စကားတခွန်းကို တီးတိုးစွာရွတ်ဆိုလိုက်လေသည်
'' သေမင်းကိုမမြင်ဘူးပဲ သေမင်းလက်က လွှတ်ချင်တာကို....''
ထိုအခါ ဝိညဉ်တအုပ်သည် ဝုန်းကနဲ ထ၍ပြန်သန်းသွားလေတော့သတည်း။
#အသျှင်ဝဏ္ဏိတ မိရိုးဖလာဗုဒ္ဓဘာသာ
=====ယစ်ပူဇော်ခြင်း====
ကျွန်ုပ်၏ သက်တမ်းသည်အလွန်ရှည်လားလှပေသည် နောင်လည်းအလွန်ကြာမြင့်စွာနေထိုင်ရအုန်းမည်း ကျွန်ုပ်၏လုပ်ငန်းဆောင်တာများသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းလှ၍ မြင်တွေ့ရသူ စုန်းကဝေများ မိစ္ဆာအသင်းပင်းများနှင့် နတ်ဝင်သည်တို့သည် ချီးကျူးထော်ပနာပြုကြပေသည် ကျွန်ုပ်၏ တပည့်စုံးကဝေများသည်ပင် လက်ဝဲကိုးသိန်း လက်ယာကိုးသိန်းရှိကြ၍ လွန်စွာကြီးမားလှသော ဂန္ဓာရီ ကဝေလောကကြီးကို မြင်တွေ့လိုက်ရသူအပေါငိးမှာ နှစ်ထောင့်အားရကြေနပ်ဖွယ်အတိဖြစ်လေသည် သူ့တို့သည် ကျွန်ုပ်၏ ပါရမီဖြည့်ဘက် တပည့်သားသမီးများဖြစ်ကြပေရာ နောင်သောအခါ ကျွန်ုပ်နှငိ့အတူ ကျွပ်တမ်းဝင်ကြပေလိမ့်မည်။သူတို့တွေ၏ ပြုစားပုံအဆင့်ဆင့် ဆေးဝါးဖော်ဆပ်ခြင်းများ မန္တန် မန္တန်တယားများ ကျိန်စာတိုက်ခြင်းအချို့တို့ကို တွေ့မြင်ရသည်မှာ ကျွန်ုပ်၏ငယ်ဘဝကိုပြန်အမှတ်ရမိနေတော့သည် ကျွန်ုပ်၏ ငယ်ဘဝအချို့အဖြစ်ပျက်ကား......
ဝဿဝဏ်နတ်မင်းကြီးတို့နှင့် လူ့စည်း ဘီလူးစည်းတို့ကို တိုင်ပင်ဆွေးနွေးကာ လောကီဂန္ဓာရီပညာရပ်တို့၌ အကျုံးဝင်ပုံအဆင်ဆင့် နက်ရှိုင်းပုံ တို့ကိုတွေးတောရင်း တောင်ကျွန်းသို့ပြန်လာက ရာမညတိုင်းသို့ဝင်ရောက်ခဲ့လေသည်။ထိုမြို့ရွာအသီးသီးတို့၌ ရှိသော သုသာန်တစပြင်တို့၏ ရှု့မငြီးဖွယ်ရာ အလှအပတို့သည့် နှလုံးသားကို လုံခြုံမှု့ပေးနေသည်ဟုခံစားလိုက်ရသည်။လွန်စွာလှပ၍ ကျက်သရေရှိလှသော ဦးခေါင်းခွံများ နှင့် မြေပုံအစုစုတို့သည် မြင်ရသူအဖို့ သာယာမက်မောဖွယ်အတိဖြစ်နေမည်မှာ ယုံမှားမရှိခြေ။လွန်စွာနှစ်သက်ဖွယ်ကောင်းသော ပတ္တမြားရာင်အဆင်းရှိသော မွှေးပြန့်သောအနံရှိသော မွန်မြတ်လှစွာသော လူသေအလောင်းများကို မြင်ရသည်မှာ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံနေပေတော့သည်။ကျွန်ုပ်၏ စာလောင်မွတ်သိပ်မှု့သည် တားစီးမရနိုင်အောင် ဖြစ်လာ၍ အလောင်းကောင်တချို့ကို ခပ်မြန်မြန်တူးဖော်စားသောက်လိုက်လေသည်။''အား...နတ်သုတ်ဓါတမျှပါလား အလွန်မွန်မြတ်ပါဘိတောင်းးး''နှုပ်ခမ်းကို လျှာနှင့် အနဲငယ်သတ်လိုက်ကာ နောက်ဆုံးအရသာ၏ချိုမြိန်မှု့ကို မျက်လုံးများအနဲငယ်မှေးစင်းကာ ခံစားနေမိ၍ မိမိဘဝဖြစ်တည်မှု့ကို လွန်စွာပီတိဖြစ်နေတော့သည်။ရုပ်တရက်ဆိုသလို ခတ်လှမ်းလှမ်းမှ အသံတခုကြားလိုက်လေရာ လူတစုသည် သချိုင်းစီးသို့ အမှောင်ထုကိုအားပြုကာ တရွှေုရွှေ့ဝင်ရောက်လာလေသည် ထိုအခြင်းအရာ ကိုတွေ့လိုက်ရသည်နှင့် ကျွန်ုပ်လည်း အလွန်လျှင်မြန်စွာဖြင့် အဒဿ မန္တန်တပုဒ်ကိုရွတ်ဖတ်ကာ ကိုယ်ကိုကွယ်ဖျောက်ထားလိုက်လေသည်။ထိုလူအုပ်သည်ကား လူသားများမဟုတ်ပေ ကြမ်းတမ်းသော အနက်ရောင်အဆင်းရှိသော နာနာဘာဝများဖြစ်နေသည်ကိုတွေရှိလိုက်ရ၍ ကျွန်ုပ်လည်း တိတ်စိတ်ငြိမ်သက်စွာစောင့်ကြည့်နေလေသည်။ ထိုအနတ်ရောင်အဆင်းရှိသော နာနာဘာဝတို့သည် လွန်စွာထူးဆန်းသော သူတို့ရင်ဆိုင်ကြုံတွေ့ရသော ပြသနာများကို အထိတ်တလန့်ဖြင့် အချင်းချင်းပြောဆိုနေသည်ကို အောက်ပါအတိုင်း သိရှိရပေသည်။
ဝေသာလီပြည်ကို အဆင်းအားဖြင့်မဲနက်သော မျက်ထောက်နီ၍ လွန်စွာကြမ်းတမ်းသော ဘီးလူးများနှောက်ရှက်နေခြင်းကို ကာကွယ်ရန် ဘုရားသခင်ရဲ့အမိန့်တော်အတိုင်း အရှင်အာနန္ဒာသည် အာဏာစက်များထဲ့သွင်းထားသောရတနာပရိတ်ကို တမြို့လုံးလိုက်လံ့ရွတ်ဖတ်လေရာ ခလေး လူကြီး အမျိုးသား အမျိုးသမီးတို့၏ အသွေးအသားတို့ကိုစားသောက်တက်သော နာနာဘာဝတို့သည်၎င်း အလောင်းများကိုစားသောက်တက်သော ဝိနာဘာဝတို့သည်၎င်း အုပ်စုလိုက် အုပ်စုလိုက် ဘေးလွတ်သို့ ထိတ်လန့်တကြားပြေးကြလေရာ တချို့သော ဘီလူးတို့သည် နားကိုပိတ်၍ လျှာကိုကိုက်ကာ အထူးထူးသော တိုင်းနိုင်ငံများသို့ပြေးကြလေသည် တချှိုသောနာနာဘာဝ ဝိနာဘာတို့မှာ ရာမညတိုင်းသို့ရောက်လေသည်။ယခုရောက်ရှိလာသော အနက်ရောင်အဆင်းရှိသော နာနာဘာဝအုပ်စုမှာ ထိုအဖြစ်အပျက်များကို လွန်စွာတုန်လှုပ်ခြောက်ခြား၍ ပြောဆိုနေပေသည်။
ထိုသတင်းကိုကြားမိသော ကျွန်ုပ်သည် လွန်စွာအားရကြေနပ်၍ လောကတွင် ဘုရားပွင်နေပြီဟုသိရှိလိုက်ရကာ ကျွန်ုပ်၏ ခန္ဓာကိုယ်တခုလုံးတွင် မြောက်များစွာသော ပီတိအဟုန်တို့ဖြစ်ပေါ်၍လာတော့သည်။ ထိုအခါကျွန်ုပ်သည်လည်း ဘုရားသခင်ထံသွား၍ လွန်စွာအစွမ်းထက်လှသော တပသိဒ္ဓိမန္တယားကိုသင်ယူ ၍ ဆုကြီးပန်ရန်ကြီးမားသော ဆန္ဒတို့သည်ဖြစ်ပေါ်၍လာပေတော့သည်။
ထိုသတင်းကိုကြားပြီးနောက် ချက်ချင်းပင် ကောင်းကင်ခရီးဖြစ် ဝေသာလီကိုသွားကာ ဘုရားသခင်၌ တပသိဒ္ဓိမန္တန်တို့ကိုသင်၍ လွန်စွာအံ့သြော်ဖွယ်ကောင်းသော သတ္တဝါတို့အကျိုးစီးပွားကိုဆောင်တက်သော မြင့်မြတ်သော ဆုကြီးကိုပန်ဆင်လေတော့သည်။
ထိုနောက်ဘုရားသခင်၏ လမ်းညွှန်ချက်အတိုင်း တာဝန်ပေးအပ်မှု့တို့အရကျွန်ုပ်သည် လွန်စွာထူးခြားထက်မြတ်သော ဂါထာမန္တာန်တို့ကိုယူငင်ကာ လောက၌ရှိသော အောက်လမ်း အထက်လမ်းပညာများကိုသိမ်းပိုက်၍ စုန်းကဝေလောကနှင့်တကွ ပရလောကသားတို့ကိုသိမ်းမြန်းလေတော့သည်။ထိုနောက် စုန်းကဝေလောကသားများ ပရလောကသားများအား အချင်းချင်းညီညွတ်မျှတရန် မကောင်းသောဒုစရိုက်ပြုသူများအား ဖမ်းစားရန် သူတော်ကောင်းများအားဖမ်းစားနှိပ်စက်ခြင်းကိုတားမြစ်ရန် စီမံနေတော့သည်။
မကောင်းသောအမှောင့်ပယောဂတို့၏ အမျိုးမျိုးသော နှိပ်စက်ဘမ်းစားခြင်းကို ခံရပါက ဘုရားသခင်၏ အာဋာနာဋိရသုတ်ကို ရွတ်ဖတ်၍ မိစ္ဆာတို့၏ကြောက်လန့်ဖွယ်ဖြစ်သော မစ္ဆာအသင်းအပင်းတို့၏ ကိုင်းရှိုင်းဖွယ်ဖြစ်သော ကျွန်ုပ်အားတောင့်တ၍ တိုင်ကြားနိုင်ပေသည်။ယစ်ပူဇော်ခြင်း ဟုမ်းပူဇော်ခြင်း ဝိညဉ်ဖြင့်ပူဇော်ခြင်း သွေးဖြင့် အသက်ဖြင့်ပူဇော်ခြင်းကို သင်တို့ထံ၌ ကျွန်ုပ်သည် အစဉ်အမြဲတောင့်တ၍ နေပေသည်။ ကျွန်ုပ်သည် ကမ္ဘာအရပ်ရပ်၌ သင်တို့အကျိုးစီးပွားငှာ ရုပ်ထားနာမ်ထားအတက်ပညာရပ်တို့ဖြင့် ရုပ် နာမ်များကိုလိုက်လံမြုတ်ထားကာ လွန်စွာထူးခြားသော အစီအမံများဖြင့်စီရင်ထားခဲ့ပေတော့သတည်း။
#အသျှင်ဝဏ္ဏိတ-မိရိုးဖလာဗုဒ္ဓဘာသာ
===========The book===============
တိတ်ဆိတ်သောငြိမ်သတ်သော ကျွန်ုပ်၏အခန်းကျဉ်းလေးသို့ဝင်ရောက်ခါ စာအုပ်စင်မှစာအုပ်တအုပ်ကိုဆွဲထုပ်လိုက်လေသည်။ရုပ်တရက်စာအုပ်ကိုဖွင့်ဖတ်လိုက်ခါ လွန်စွာထူးဆန်းသော အတွေးခေါ်ဒဿနများ
နှင့်ပြေ့နှက်နေရာ လက်ကမချင်လောက်အောင် ကျွန်ုပ်၏စိတ်နှလုံးကိုဖမ်းစားထားလေသည်။
သိပ်စိတ်ဝင်စားဖို့ကောင်းတာပဲ အလွန်နက်ရှိုင်းပါဘိတောင်း...အံ့သြော်ဖွယ်ရာအတွေးအခေါ်ဒသနများကို ကျွန်ုပ်သည် လွန်စွာပီတိဖြစ်ခါတွေးခေါ်မျော်မြင်နေတော့သည်။
အချိန်သည်ကုန်မှန်းမသိ တရွှေ့ရွှေ့ကုန်ဆုံးကာ စာအုပ်လဲ အပြီးသတ်ခါနီးလေသည် ။ထိုနောက် ကျွန်ုပ်သည် လွန်စွာစိတ်ဝင်စားဖွယ်ကောင်းသော စဉ်းစားစရာများနှင့်ပြ့ည်နှက်နေသော ပီတိဖြစ်ဖွယ်ကောင်းသော ထိုစာအုပ်၏ အဖုံးမျက်နှာစာကို ရုပ်တရက်ကြည့်လိုက်ရာ ထိတ်လန့်ခြောက်ချားဖွယ်ရာ ခေါင်းစဉ်ကိုတွေ့ရှိလိုက်ရကာ။လွန်စွာထိတ်လန့်တုန်လှုပ်ခြောက်ချား၍ ကျွန်ုပ်သည် ရုပ်တရက် ဆွံအ သွားခဲ့လေသည်။
ထိုခေါင်းစဉ်ကား"((" မိတ်ဆွေ အထဲမှာဘားမှမရေးထားပါဘူး သင်ဘာတွေဖတ်နေတာလဲ'"))
#အသျှင်ဝဏ္ဏိတ မိရိုးဖလာဗုဒ္ဓဘာသာ
နှင့်ပြေ့နှက်နေရာ လက်ကမချင်လောက်အောင် ကျွန်ုပ်၏စိတ်နှလုံးကိုဖမ်းစားထားလေသည်။
သိပ်စိတ်ဝင်စားဖို့ကောင်းတာပဲ အလွန်နက်ရှိုင်းပါဘိတောင်း...အံ့သြော်ဖွယ်ရာအတွေးအခေါ်ဒသနများကို ကျွန်ုပ်သည် လွန်စွာပီတိဖြစ်ခါတွေးခေါ်မျော်မြင်နေတော့သည်။
အချိန်သည်ကုန်မှန်းမသိ တရွှေ့ရွှေ့ကုန်ဆုံးကာ စာအုပ်လဲ အပြီးသတ်ခါနီးလေသည် ။ထိုနောက် ကျွန်ုပ်သည် လွန်စွာစိတ်ဝင်စားဖွယ်ကောင်းသော စဉ်းစားစရာများနှင့်ပြ့ည်နှက်နေသော ပီတိဖြစ်ဖွယ်ကောင်းသော ထိုစာအုပ်၏ အဖုံးမျက်နှာစာကို ရုပ်တရက်ကြည့်လိုက်ရာ ထိတ်လန့်ခြောက်ချားဖွယ်ရာ ခေါင်းစဉ်ကိုတွေ့ရှိလိုက်ရကာ။လွန်စွာထိတ်လန့်တုန်လှုပ်ခြောက်ချား၍ ကျွန်ုပ်သည် ရုပ်တရက် ဆွံအ သွားခဲ့လေသည်။
ထိုခေါင်းစဉ်ကား"((" မိတ်ဆွေ အထဲမှာဘားမှမရေးထားပါဘူး သင်ဘာတွေဖတ်နေတာလဲ'"))
#အသျှင်ဝဏ္ဏိတ မိရိုးဖလာဗုဒ္ဓဘာသာ
===ရွှေရောင်သေတ္တာလေးတလုံး===
လွန်စွာထူးဆန်းလှသော ရွှေရောင်သေတ္တာလေးတလုံးသည် မည်သို့မည်ပုံ ဤကမ္ဘာသို့ရောက်ရှိနေသည်မသိ။မြောက်များစွာသော လူသားတို့သည်၎င်း သေတ္တာလေးနှင့်ပတ်သက်၍ အလွန်အလုပ်ရှုပ်နေကြသည်။
ပို၍ထူးဆန်းသည်မှာ ၎င်းသေတ္တာလေးကို ဖွင့်ကြည့်သူတိုင်း တယောက်တမျိုးအမြင်မတူဖြစ်နေကြခြင်းပင်ဖြစ်သည်။ထိုရွှေရောင်သေတ္တာလေးထဲမှာ ဘာရှိမည်နည်း။
တဦးတယောက်ကတော့ ငါကြည့်တာတော့ဘားမှမတွေ့ဘူး သေချာတယ်ဘားမှမရှိဘူး။
ကြည့်ရှု့သူနောက်တဦးကတော့ မင်းအမြင်ချို့တဲ့နေလို့ဖြစ်မှာပါ အထဲမှာလွန်စွာထူးဆန်းတာလေးရှိတယ်။
တတိယမြောက်လူက ငါကြည့်တာတော့ အထဲမှာတစုံတခုတွေ့တယ် ဒါပေမဲ့ဘားမှမဟုတ်ပါဘူးကွာ။
ဟာမဟုတ်ဘူး ရှိတယ် ရှိတယ် အထဲမှာရှိတယ်ဗျ သိပ်ကြောက်စရာကောင်းတယ် မြန်မြန်စွှန်ပြစ်ပါ ဒီသေတ္တာက အန္တာရာယ်များလွန်းတယ်။
အဲ့လိုတယောက်တပေါက်နဲ့ သူတို့တွေသည့်အရာများကိုပြောဆိုနေကြပြန်သည် ထို့ကြောင့် လွန်စွာပဟေဠိဆန်လှသော ရွှေရောင်သေတ္တာလေး သည် မြောက်များစွာသော လူတို့ကိုဆွဲငင်သိမ်းပိုက်ထားလေသည်။ထိုကဲ့သို့အလုပ်ရှုပ်နေသောမြောက်များစွားသော လူတို့၏အစွှန်အဖျား၌ အေးဆေးတည်ညိမ်စွာထိုင်နေသော ပုဂ္ဂိုလ်တဦးသည် ကြည်လင်ပြတ်သားသောအသံနှင့်လှမ်း၍ပြောလိုက်သည်။
မိတ်ဆွေတို့ဒီရွှေရောင်သေတ္တာလေးရဲ့အဖြေကတော့ ဘားမှမဟုတ်ပါဘူးဗျာ "ကြည့်ရှု့သူရဲ့ အလို ကြိုက် မကြိုက်တို့ကိုလိုက်ပြီးကြည့်ရှု့သူတိုင်းကို ထင်မြင်ချက်ပေးသော ပုံဖော်ပေးနေတဲ့အရာပါ"သင့်ရဲ့သဏ္ဍန်ထဲမှာဖြစ်တက်တဲ့လိုချင်ခြင်းတွေ မလိုချင်ခြင်းတွေကို သူကသိတယ်။ဒါကြောင့် သေတ္တာလေးကိုဖွင့်ကြည့်မယ်မဆိုရင် မိတ်ဆွေတို့ရဲ့စိတ်မှာ ကြိုက်ခြင်း မကြိုက်ခြင်း မှန်ခြင်းမမှန်ခြင်းတွေနဲ့ဖွင့်မကြည့်ပါနဲ့။သူ့အတိုင်းတိုင်းလေးပဲ ဖွင့်ကြည့်ပါ။
#အသျှင်ဝဏ္ဏိတ မိရိုးဖလာဗုဒ္ဓဘာသာ
=====ကျွန်ုပ်နှင့် ထူးဆန်းသောမျောက်ကလေးများ====
စာသင်ခန်းထဲသို့မဝင်ခင်ကျွန်ုပ်သည် ဒါဝင်၏အီဗလူးရှင်းသီအိုရီကို သွားသတိရလိုက်သည် ထို့နောက်သနားခြင်း မဟာဂရုဏာသည် မျောက်ကလေးများစီသို့ဖြန့်ကျတ်လိုက်မိသည်။ကျွန်ုပ်၏မဟာဂရုဏာကြောင့် မျောက်ခလေးများကို ပညာသင်ပေးရန်ဆုံးဖြတ်လိုက်လေသည်။
မျောက်ကလေးတော်များများကို ဖီလိုဆိုဖီခေါ် ဒဿနိကဗေဒကိုသင်ကြားပေးလိုက်သည်။တချို့သော မျောက်ကလေးများအား ဆိုက်ကိုလိုဂျီခေါ်စိတ်ပညာကိုသင်ပေးလိုက်သည်။တချို့တချို့သောမျောက်ကလေးများအား ဘူမိဗေဒ အင်ဂျင်နီယာ ဗေဒင် နက္ခတ် ဘာသာကိုးကွယ်မှု့ အစရှိသောအတတ်ပညာ အသီးသီးတို့ကိုသင်ကြားပေးလိုက်လေသည်။
နှစ်အနဲငယ်ကြာပြီးနောက် မျောက်ကလေးများသည် တစ်စတစ်စပြောင်းလဲလာလေသည် ထိုပြောင်းလဲမှု့သည်ထူးခြားသောပြောင်းလဲမှု့ဖြစ်မည်ဟုယုံကြည်သောကြောင့် ကျွန်ုပ်သည် မျောက်ကလေးများအား စာမေးပွဲစစ်ကြည့်လေတော့သည်။ထိုအခါကျွန်ုပ်သည် လွန်စွာစိတ်ပျက်ဖွယ်ကောင်းသော အခြေအနေနှင့်ရင်ဆိုင်ရလေတော့သည်။
ဒဿနိကကို သင်ကြားပေးထားသောမျောက်ကလေးသည် အခုထိ ရုပ် နာမ်မကွဲသေး အတွေးတွေရဲ့လမ်းဆုံးကိုမသိသေး ရှိခြင်း မရှိခြင်းတွေ မှငြင်းခုံနေဆဲပင်ဖြစ်သည်။စိတ်ပညာကိုသင်ပေးထားသော မျောက်ကလေးတချို့သည် ယခုအချိန်ထိ သိစိတ် မသိစိတ်ကိုနားမလည်သေး အိပ်ငိုက်၍အိမ်မက်မက်သည်ကို ဝိညဉ်လွင့်သည် ထင်နေတုန်း။ဘူမိဗေဒ၌လည်း အနည်ကျကျောက် မီးသင့်ကျောက် အသွင်ပြောင်းကျောက်တို့ကို အုပ်စုခွဲပေးသည်ကိုနားမလဲနိုင်ကြသေးပေ။ဘာသာကိုးကွယ်မှု့ဆိုင်ရာအတ်ကိုသင်ကြားပေးထားသောမျောက်ကလေးများမှာလဲ ယခုချိန်ထိ ဘုရားရှိလိုက် မရှိလိုက်နှင့် ပြောင်းလဲနေဆဲ။အစရှိသော ဘာသာရပ်အသီးသီးတို့ကိုသင်ကြားပေးထားသော မျောက်ကလေးများအား စမ်းသပ်ကြည့်ရာ စိတ်ပျက်ဖွယ်သာ အတိဖြစ်နေတော့သည်။
အို..မျောက်ကလေးတို့ သင်တို့အားငါသင်ကြားပေးသော အတတ်ပညာရပ်များသည် သင်တို့ယူဆသလိုမဟုတ် ''အဝင်အထွက် အဖြုတ်အတတ် လွတ်မလွတ် ပြီးမပြီး ''ကိုနားလည်သဘောပေါက်စေရန်ဖြစ်သည်။ထိုသို့ပြောလိုက်သောအခါ မျောက်ကလေးများသည် ကျွန်ုပ်အား ''ကွိ ကွိ ကွ ကွ ကွိ ကွိ ကွ ကွ '' ဟူသော လွန်စွာထူးဆန်းသော စကားဖြင့်ပြန်လည်တုန့်ပြန်ကြလေသည်။
#အသျှင်ဝဏ္ဏိတ မိရိုးဖလာဗုဒ္ဓဘာသာ
Subscribe to:
Posts (Atom)
Featured post
Note::ရှင်ဥက္ကဋ္ဌ နှင့် ဦးမောင် ဝိနိစ္ဆယ များ
#မိစ္ဆာဝါဒကွင်းဆက်များ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့မှ အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချ၊ ဆုံးဖြတ်ပြီးသော မိစ္ဆာဝါဒများကို လေ့လာကြည့်သောအခါ အချို...
Popular posts
-
ကျွန်ုပ်၏ သက်တမ်းသည်အလွန်ရှည်လားလှပေသည် နောင်လည်းအလွန်ကြာမြင့်စွာနေထိုင်ရအုန်းမည်း ကျွန်ုပ်၏လုပ်ငန်းဆောင်တာများသည် အလွန်စိတ်ဝင်စားဖွယ်ကေ...
-
#မိစ္ဆာဝါဒကွင်းဆက်များ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့မှ အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချ၊ ဆုံးဖြတ်ပြီးသော မိစ္ဆာဝါဒများကို လေ့လာကြည့်သောအခါ အချို...
-
တိတ်ဆိတ်သောငြိမ်သတ်သော ကျွန်ုပ်၏အခန်းကျဉ်းလေးသို့ဝင်ရောက်ခါ စာအုပ်စင်မှစာအုပ်တအုပ်ကိုဆွဲထုပ်လိုက်လေသည်။ရုပ်တရက်စာအုပ်ကိုဖွင့်ဖတ်လိုက်ခါ လွန်...